အလောင်းမှန် ရထားဆိုက်သည်

ဘုရားအလောင်းအလျာတို့အား တန်ဖိုးအလျောက် ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသော ဇနကဇာတ်ကို ထောက်၍အလောင်းအလျာမှန်က ရထားဆိုက် သည်ဟုဆိုလိုသည်။ (အသုဘအလောင်းရှိရာ အလောင်းတင်ရထားဆိုက်သည်ဟု အချို့ယူဆနေကြသည်။) ထိုက်လျော်သောသူသည် မိမိအရည်အချင်းအားလျော်စွာ ထိုက်လျော်သော အခွင့်အလမ်းရရှိနိုင်ကြောင်း ဖော်ပြသုံးနှုန်းသည်။

1 Comment

  1. Harry says:

    မင်းလောင်းမှန် ဖုသျှရထား (ဖုတ်သွင်းရထား) ဆိုက် ဆိုတဲ့ မူကွဲက ပိုရှင်းလင်းမယ်ထင်ပါတယ်။

Any suggestions? Please leave it here