အမေကျော် ထွေးတော်လွမ်းသည်
မိမိ၏မိခင်ရင်းကို တမ်းတအောင်မေ့ခြင်းမပြု၊ အမေနှင့်စပ်မှတော်ရသည့် မိခင်၏ ညီမ မိထွေးကိုသာ အမေထက်ပို၍ သတိရတမ်းတ လွမ်းဆွတ်သည်ဟု ဆိုလိုသည်။ အားကိုးသင့်သူ သွေးနီးစပ်သူကို မမီခိုဘဲ တခြားသူကိုကျော်လွှား၍ အားကိုးမှီခိုလိုခြင်း ကိုရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

(2 votes, average: 3.50 out of 5)
မိထွေး ကို အဖေ၏ နောက်မိန်းမ (မိမိ၏ မိခင်အရင်းမဟုတ်) ဟု နားလည်ထားပါသည်။ အမေကို ကျော်၍ ထွေးတော် (မိထွေး) ကို လွမ်းသည် ဆိုလျင် စကားပုံ၏ ဆိုလိုရင်း ကို ပိုမို ထိရောက် စေမည်ဟု ထင်ပါသည်။
အမေကျော် ဒွေးတော်လွမ်းသည်
မိမိ၏မိခင်ရင်းကို တမ်းတအောင်မေ့ခြင်းမပြု၊ အမေနှင့်စပ်မှတော်ရသည့် မိခင်၏ ညီမ မိထွေးကိုသာ အမေထက်ပို၍ သတိရတမ်းတ လွမ်းဆွတ်သည်ဟု ဆိုလိုသည်။ အားကိုးသင့်သူ သွေးနီးစပ်သူကို မမီခိုဘဲ တခြားသူကိုကျော်လွှား၍ အားကိုးမှီခိုလိုခြင်း ကိုရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။
ဆိုလိုရင်းမှန်ပါသည် မှါးနေသည်မှါ ထွေး သါဖြစ်သည်။
ထွေး မဟုတ် ဒွေး(ဒွေးလေး=မိခင်၏ ညီမ) ဖြစ်သည်။