အပေါ်ယံ ရွှေမှုန်ကြဲ အထဲနွားချေးခံ
ယွန်းထည်များတွင် အပေါ်ယံက ရွှေမင်ဖြင့် ရေးခြယ်ထား၍ ရွှေရောင်တ၀င်းဝင်းနှင့် လှပ တင့်တယ်သော်လည်း အတွင်းသားရိုး၌ နွားချေးဖြင့် လိမ်းကျံထားသည်ဟု ဆိုလိုသည်။ အပြင်ပန်အားဖြင့် ပြရုပ်ကောင်းစေကာမူ အတွင်းသဘော၌ စဉ်းလဲကောက်ကျစ် ညစ်နွမ်းပုံကို တင်စား၍ ဖွဲ့နွဲ့သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။