အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိ

အပွေးအခေါက်ကို မြင်ရုံမျှနှင့် မည်သည့်သစ်ပင်ဖြစ်သည်ကို သိနိုင်သကဲ့သို့ အပေါ်ယံ အရည်အသွေးကို ကြည့်ရုံနှင့် အသွင်သဏ္ဍာန်အလေ့စရိုက်ကို ထိုးထွင်းသိနိုင်သည်ဟု ဆိုလိုသည်။ အပေါ်ယံအကဲရိပ်ဖြင့် အနှစ်သာရ အတွင်းသဘောအလေ့စရိုက်ကို ချင့်ချိန် သိစွမ်းနိုင်ကြောင်း တင်ပြရာ၌ သုံးနှုန်းသည်။

Any suggestions? Please leave it here