အတောင့်မကြီး အသီးမမာ
ဂုံညင်း၊ ရွေးပဲစသော အတောင့်နှင့်သီးတတ်သော အသီးမျိုးသည် အတောင့်ကြီး ရင့်မှလည်း အတွင်းက အသီးအဆန်သာ မာတင်းပြည့်ထွားခြင်းရှိသည်။ အတောင့်မကြီး ရင့်ပါက အသီးလည်း မရင့်မာနိုင်ဟုဆိုလိုသည်။ အခြေခံအရွယ်ကာလ ဉာဏ်ပညာ အရည်အချင်းသည် ကြီးမားခိုင်ခံ့မှ လုပ်ကိုင်ဆောင်ရွက်မှုသည်လည်း ဉာဏ်ပညာ အလျောက် ကြီးမားပြည့်မြောက်နိုင်သည်ဟုဆိုရာ၌ သုံးနှုန်းသည်။ အရည်အသွေးရှိမှ စိတ်ဓာတ်အဆင့်အတန်း မြင့်မားသည်ဟုလည်း ဆိုလိုရာရောက်သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။