အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးရသည်
အိုးကရွဲ့လိန်နေသောအခါ စလောင်းဖုံးတည့်တည့်ကို ဖုံး၍မရ ရွဲ့နေသောအိုးကို လုံအောင် ရွဲ့နေသောစလောင်းနှင့်သာ ဖုံးရမည်ဟုဆိုလိုသည်။ တစ်ဖက်က အရိုးအစဉ် ဖောက်ဖျက်ဆန့်ကျင်နေသူကို နည်းလမ်းရိုးဖြင့် မတွေ့ဆုံဘဲ ထိုနည်းအတိုင်း ဆန့်ကျင် ဖောက်ဖျက်သောနည်းနှင့် ဖြေရှင်းရန်နှင့် အကြောင်းအရာနှင့် အံဝင်ခွင်ကျသောတွေ့ဆုံ နည်းကိုသုံးရန် ညွှန်ပြရာ၌ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။