အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းငြိ

အိုးချင်းအတူထားခဲ့လျှင် အိုးတစ်လုံးနှင့်တစ်လုံး ထိခိုက်မိတတ်၍ ကြိုးခွေချင်း အတူထားသော်လည်း ကြိုးချင်းယှက်ထွေး ငြိရှုပ်တတ်သည်ဟုဆိုလိုသည်။ မိန်းကလေး ယောက်ျားလေး ငယ်ရွယ်သူချင်း နီးစပ်စွာ ထားခဲ့လျှင် မေတ္တာငြိတွယ်တတ်သည်ကို သတိပေးသောအားဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here