အိုင်တွေ့လို့မှမလူး ကျွဲရူး
ကျွဲသည် ရွှံ့ရေအိုင်ကို အလွန်နှစ်သက်၍ ရေအိုင်၍စိမ်လူး၍ ပျော်ပါးတတ်သည့် တိရစ္ဆာန်ဖြစ်ရာ ရေအိုင်ကိုမတွေ့ပါလျက် မလူးဘဲနေသော ကျွဲသည် ကျွဲရူးသာဖြစ်သည် ဟုဆိုလိုသည်။ သာမန်အားဖြင့် ပုထုဇဉ်လူတို့ ပြုလုပ်တတ်သည့်သဘာဝကို ကျော်လွန် ထိန်းချုပ်နိုင်ခြင်းမရှိနိုင်၊ ရှိနိုင်သည်ဟု ယုံကြည်ခြင်းမှာ မှားယွင်းမည်သာဖြစ်သည်ဟူ သော သဘောကိုတင်ပြရာ၌ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။