အိုင်မှန်မှကြာပေါက်သည်
ရေအနက်အစောက် ရေရှိနေသော အိုင်မှန်ပါမှသာ ကြာပင်ပေါက်ရောက်နိုင် သည်။ ရေပြင်ဖြစ်ရုံဖြင့် ကြာမပေါက်နိုင်ဟု ဆိုလိုသည်။ လုံလောက်သောအကြောင်း အခြေခံရှိသည့်အခါမှသာ ထိုနှင့်လျော်သော အကျိုးဖြစ်ပေါ်နိုင်သည်ဟု ဆိုလိုရာ၌ သုံးနှုန်းသည်။