အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်ရှေ့ပိုင်းရှိ အိမ်ရှင်လူကြီးသူမများ ဆူပူခိုက်ရန်ဖြစ်ပွား၍ စိတ်မချမ်းသာဖြစ်ရ သည့်အခါ အိမ်နောက်ပိုင်းမှာ ကလေးသူငယ် အခြွေအရံမှီခိုသူများပါ စိတ်မချမ်းသာ မပျော်မရွှင်ဖြစ်ရသည်ဟုဆိုလိုသည်။ အိမ်နေမိသားစု၏ ပျော်ရွှင်ချမ်းမြေ့ရေးမှ အားလုံး အပေါ်တွင် ရပ်တည်နေပုံနှင့် မှီခိုသူတို့၏ အမှီခိုခံဘ၀သဘောတရားကို တင်ပြရာ၌သုံး နှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
စာလုံးပေါင်းလေး(၂)ခု နည်းနည်းပြင်ဖို့လိုတယ်လို့ထင်ပါတယ်။
၁. အိမ်နောက်ပိုင်း(မှ) ကလေးသူငယ်များ
၂. အိမ်နေမိသားစု၏ ပျော်ရွှင်ချမ်းမြေ့ရေး(မှာ)
လို့ ထင်ပါတယ်ရှင်။