အသီးလိုအပင်ချိုင်၊ သမီးလိုအမေတိုင်

အသီးကို အလိုရှိသော် အသီးသီးရာအပင်ကို ခုတ်ချိုင်ပြီးမှ အသီးကို ဆွတ်ခူးရယူ နိုင်သကဲ့သို့ သမီးကိုအလိုရှိလျှင်လည်း ပင်ရင်းဖြစ်သော မိခင်ကို ချဉ်းကပ်၍ အလိုကျ အောင် တိုင်ကြားခွင့်ပန်၍ ရယူနိုင်သည်ဟုဆိုလိုသည်။ ပင်ရင်းအညှာကိုအကြောင်းပြု၍ ပေါက်ရောက်မည့်နည်းလမ်းကို လိုက်နာရန် ညွှန်ပြသည့်အနေဖြင့်သုံးနှုန်းသည်။

Any suggestions? Please leave it here