အသားလို၍ အရိုးတောင်းသည်

ထမင်းစားသော ကလေးသည် အသားကိုလိုချင်ပါသော်လည်း ထပ်၍မတောင်းရဲ သဖြင့် အရိုးတောင်းလျှင် အလွယ်တကူပေးမည်ဖြစ်သည်လည်းတစ်ကြောင်း၊ အသား ထပ်၍လိုကြောင်း အရိပ်အမြွတ်သိစေမည်လည်း တစ်ကြောင်း၊ အရိုး၌အသားတစ်ချို့နှင့် ဟင်းရည်အနှစ်တို့ပါ ကပ်ပါလာနိုင်စရာရှိ၍ တစ်ကြောင်း၊ အရိုးကိုတောင်းသည်ဟုဆိုလို သည်။ လိုသောအရာကို တိုက်ရိုက်မတောင်းဘဲ အရိပ်အမြွတ်အားဖြင့် သိစေလျက် အခြားအရာဖြင့် လှည့်ပတ်သွယ်ဝိုက်၍ အစွန်းအမြိတ်မျှ တောင်းခံခြင်းပြုသည့်အခါတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here