အသားထဲကလောက်ထွက်သည်

ငါးပိစသော၊ ပုတ်ဆွေးသည့်အသားများတွင် ယင်များမှီတွယ်ခိုအောင်း၍ ဥဥ သဖြင့် ထိုဥမှပေါက်သော လောက်ကောင်များသည် အခြားကရောက်လာသည် မဟုတ်ဘဲ အသားထဲကပင် ဖောက်ထွက်လာသည်ဟုဆိုလိုသည်။ ဖျက်ဆီးမည့် အဖျက် အဆီး အနှောက်အယှက်သည် ပြင်ပမှမလာဘဲ အချင်းချင်းအပေါင်းအဖော်ထဲမှ ဖောက်ပြန်၍ ပေါ်ထွက်လာသည့်အခါတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here