အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတွေ့ရသည်

လူတို့သည် သက်တမ်းအရ အများအားဖြင့် နှစ်ပေါင်း(၁၀၀)မနေရသော်ငြား လည်း လူတစ်သက်တမ်းအတွင်း ပြဿနာ၊ အခက်အခဲ၊ အမှုအပေါက်များမှာ၊ အမျိုး ပေါင်း (၁၀၀)မကအောင် တွေ့ဆိုင်ရတတ်သည်ဟု ဆိုလိုသည်။ လူ့လောက၏ ရှုတ်ထွေးပွေလီမှုကို သရုပ်ဖော်သောအားဖြင့် သုံးနှုန်းသည်။

1 Comment

  1. yin hal' says:

    အိုးကမပူ စလောင်းကပူ

Any suggestions? Please leave it here