အလှူရှင် ငါးကြော်အိုး၊ ဆွေမျိုးချည်းပဲ
အလှူရှင်၏ ပရိသတ်ကျွေးရန် ငါးကြော်အိုးအနီးတွင် သူစိမ်းများဝင်နိုင်၊ ချဉ်းနိုင် ခွင့်မရဘဲ အလှူရှင်၏ ဆွေမျိုးသားချင်းတို့ကသာ ခွစီးစုအုံသိမ်းရုံး၍ စားသောက်နေကြ သည်ဟု ဆိုလိုသည်။ အခွင့်အရေးကို လူအများမျှတစွာ ခံယူနိုင်ခွင့်မရဘဲ နီးစပ်သော လူတစ်စုကိုသာကွတ်၍ ရယူခွင့်ပြုခြင်းမျိုးကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။