အလှူရှင်မှန်းသိအောင် မဏ္ဍာပ်တိုင်တက်ပြသည်

အလှူပွဲတွင် အလှူရှင်သည် မိမိအား အလှူရှင်ဖြစ်ကြောင်း ကွဲကွဲပြားပြား သိမြင်နိုင်အောင် မဏ္ဍာပ်တိုင်ကို ပြုပြင်စရာရှိဟန်နှင့် ကိုယ်တိုင်တက်၍ အလှူရှင် ကိုယ်ရောင်ပြနေသည်ဟုဆိုလိုသည်။ မိမိ၏စွမ်းဆောင်မှု၊ ကြိုးပမ်းမှု၊ ပိုင်ဆိုင်မှုတို့ အတွက် ၀င့်ကြွားတတ်လွန်းသောသူကို ကဲ့ရဲ့သည့်အနေဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here