အလိုက်ကောင်းတော့ ခေါင်းလောင်းနဲ့ ခလောက်လဲသည်
ခေါင်းလောင်းကြီးသည် ကြီးမားအချိန်စီး၍ တန်ဖိုးကြီးသလောက် ခလောက်မှာ ခေါင်းလောင်းနှင့်စာသော် သေးငယ်အချိန်ပေါ့၍ တန်ဖိုးနည်းသော်လည်း ခြားနားသော တန်ဖိုးကာမိအောင် တန်ဖိုးအလိုက် ထပ်ဆောင်း၍ ပေးပါလျှင် ခေါင်းလောင်းနှင့် ခလောက်ကိုပင် လဲနိုင်သည်ဟုဆိုလိုသည်။ မညီမျှသောတန်ဖိုးကို အကဲတင်၍ လျော့ပါး သည်ကို တစ်ဖက်မှ သာလွန်ခြင်းဖြင့် ဖြည့်စွမ်းထေညှိနိုင်ကြောင်းကိုလည်းကောင်း ဖော်ပြရာတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။