အမယ်မှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နဲ့မလဲ (အမယ်မှာ မှာတိုင်း)
မိခင်ဖြစ်သူက သားငယ်အား ဆန်တစ်ခွဲပေးအပ်ထားရာ အခြားသူက လိမ်လည် လှည့်ဖြားမည်စိုး၍ ဆန်ကို မည်သည့်အရာနှင့်လဲမည်ဆိုလာစေကာမှု မလဲရန် ပိတ်ပင် မှာကြားထားခဲ့ရာ ဆန်တစ်ခွဲထက်ပိုသော ဆန်သုံးစိတ်နှင့်လဲမည်လားဟု တစ်စုံတစ် ယောက်ဆိုလာသည်ကိုပင် အမေမှာကြားချက်အရ အပိုတစ်စိတ်ကို ငြင်းပယ်လျက် မလဲ ဘဲနေသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ခုကို အကျိုးအကြောင်းမဆင်ခြင်ဘဲ ပုံသေလှေနံ ဓားထစ် မှတ်သားတတ်ခြင်းကို ရည်ရွယ်၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။