အမယ်မှန်မှ ဘသား
သားဖြစ်သူသည် မိမိအား သတိပေးထားသည့် ဖခင်ကိုပင် အဖေဟူ၍ အမှတ် ထားရစေကာမူ အမိဖြစ်သူက အမှန်တကယ်ထိုဖခင်နှင့် ပေါင်းသင်းမွေးဖွားထားခြင်း မှန်ပါမှပင် အဖ၏သားအစစ်အမှန်တော်စပ်လိမ့်မည်ဟု ဆိုလိုသည်။ အကြောင်းအရာ တစ်ခုသည် မှန်ကန်သည်ဟု ဆိုရစေကာမူ အကြောင်းအချက် အထောက်အထားအား ဖြင့် မှန်လောက်သည့် အချက်အလက်ရှိရဦးမည်ဖြစ်သည်။ သေချာမှုကို ညွှန်ပြသော အားဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
အမေမှန်မှ အဖေ့သား လို့လဲ အရပ်သုံးစကားနဲ့ ပြောကြပါတယ်။