အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်သည်
လူငယ်အချင်းချင်း အပြောင်အပျက်သဘောမျိုးဖြင့် ကျီစားသတ်ပုတ်ထိုးကြိတ်ကြ၍ နောက်ဆုံး နှာခေါင်းမှ သွေးထွက်ရသည်ဟုဆိုလိုသည်။ ပထမသော် ပေါ့ပေါ့ဆဆ သဘောထား၍ ပြုလုပ်ဆောင်ရွက်ရာမှ တဖြည်းဖြည်း ထင်မြင်သည်ထက် ပိုမိုလေးနက် တာဝန်ကြီးလေးလာပုံကို နှိုင်း၍ ဆိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
အပျော် အပျက် သဘောဖြင့် လေးလေးနက်နက် မစဉ်းစား မဆင်ခြင် ပဲ လုပ်ဆောင်မိသော ကိစ္စသည် သွေးထွက်သံယိုဖြင့် အဆုံးသတ်ရသည်။ မိမိ က ပျော်မည်ထင်၍ လုပ်ဆောင်မိသော ကိစ္စသည် မမျှော်လင့်သော ရလဒ်ဆိုးရတတ်သည်ကို ဆိုလိုသည်ဟု ယူဆမိပါသည်။