အပ်ဝင်၍ ပုဆိန်ထွက်သည်

ဝင်လာသော ပစ္စည်းမှာ အပ်ချောင်းလေးမျှသာဖြစ်သော်လည်း ထွက်သွားသော ပစ္စည်းမှာ ပုစိန်ဖြစ်သဖြင့် အ၀င်နှင့်အထွက်မကာမိဟုဆိုလိုသည်။ (အပ်ကိုလိုက်ကောက် သည်နှင့် ပုစိန်ပေါက်ရသည်ကို ရည်၍ဆိုသည်။) အနည်းအပါးမျှသော လာဘ်လာဘ ကြောင့် အကြီးအကျယ် ကုန်ဆုံးလျော့ပျက်ရတတ်ခြင်းကို သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here