အငင်မတက်လျှင် ပန်းလျက်နှင့်မရ၊ အဆင်မတတ်လျှင် ဆန်းလျက်နှင့်မလှ

အယူအငင် အချက်အလက် သိကျွမ်းသလိမ္မာခြင်းမရှိလျှင်ပင်ပန်းအောင် အားထုတ် သော်လည်းမရနိုင် အပြုအပြင် အဆင်ယင်မတတ်ကျွမ်းလျှင်လည်း အသွေးအဆင်ဆန်း စေကာမူ လှပခြင်းမရှိနိုင်ဟု ဆိုလိုသည်။ ပစ္စည်းဝတ္ထုထက်အသုံးပြုတတ်ခြင်းနည်းစနစ် ကျွမ်းကျင်ခြင်းကို ပို၍တနဖိုးထားသောအားဖြင့် သုံးနှုန်းသည်။

2 Comments

  1. မျိုးအောင် says:

    “အငင်မတတ်” ဆိုတာ ဗိုင်းငင်တာကိုဆိုလိုတယ်ထင်ပါတယ်။ မငင်တတ်ရင် ပင်ပန်းပေမယ့် ချည်မရနိုင်ဘူး။

    ရက်ကန်းရက်တဲ့အခါ ရက်ကန်းစင်ပေါ်မှာ ချည်တွေကို အရောင်အလိုက် အကွက်ဆန်းအောင်လှအောင်ဆင်ရပါတယ်။ ဆန်းတိုင်းလည်းလှတာမဟုတ်သလို လှတိုင်းလဲ ဆန်းတာမဟုတ်ပါ။
    အဲဒါကြောင့် အဆင်မတတ်ရင် ဆန်းလျက်နဲ့မလှဖြစ်တတ်တယ်လို့ ဆိုလိုတယ်ထင်ပါတယ်။

    တတ်ကျွမ်းလိမ္မာမှသာ ကောင်းမွန်တဲ့ရလဒ်ကိုရမယ်။ မတတ်ကျွမ်းရင် ပင်ပန်းပေမယ့် မျှော်လင့်သလိုမဖြစ်နိုင်ဘူးလို့ ဆိုလိုတယ်ထင်ပါတယ်။

  2. Po Shan says:

    ”အငင် မတတ်“ ဆိုတာကို ရေငင်တယ်လို့ ထင်မြင်မိပါတယ်။ အဆင်မတတ် ဆိုတာတော့ မိန်းကလေးများ အလှအပ ပြင်ဆင်ဝတ်စားချယ်သ တာလို့ သဘော ပေါက်မိပါတယ်။ အထာမသိပဲ လုပ်မိရင်၊ ကိုယ်မျှော်လင့်တဲ့ ရလဒ်မရပဲ၊ တစ်လွဲဖြစ်တယ်လို့ ဆိုလိုမယ်လို့ သဘော ရမိပါတယ်။ အရှေ့က ကိုမျိုးအောင်ရှင်းပြတာလည်း သဘောကျပါတယ်။

Any suggestions? Please leave it here