အချိုရှာ သကာတွေ့၊ အပျိုရှာ ကညာတွေ့

အချိုရှာအရသာကို စားလို၍ရှာသောအခါ သကာကိုတွေ့ရသဖြင့် အလိုနှင့်အရ တိုက်ဆိုင်လှသည်။ အခွင့်တော်လေသည်။ အပျိုရှာသောအခါ ကညာစင်အပျိုကိုပင် တွေ့ရသဖြင့် အလိုဆန္ဒအခန့်သင့် ပြည့်စုံသည်ဟု ဆိုလိုသည်။ အလိုဆန္ဒအခန့်သင့် အခွင့်တော်လှသည့်အခါတွင် သုံးနှုန်းသည်။ (အချိုကိုရှာလျှင် အချိုကို မုချတွေ့နိုင်ရ မည်။ မရှာဘဲမတွေ့၊ ကြိုးစားရှာမှသာ ရှာသောအရာကိုတွေ့နိုင်မည်ဟူသော သဘောနှင့်လည်း သုံးနှုန်းကြသည်။)

3 Comments

  1. Demon says:

    nice proverb.

  2. Harry says:

    ရေငတ်တုန်း ရေတွင်းထဲကျ နဲ့ နီးစပ်ပါတယ်

  3. chaungfone says:

    ရေငတ်တုန်း ရေတွင်းထဲ ကျ… လုပ်ပါ အစ်ကိုတော်…..

Any suggestions? Please leave it here