ဟန်ကိုယ်ဖို့၊ မာန်သူ့ဖို့

တစ်ဖက်သားက မာန်စောင်တက်ကြွဝင့်ကြွားစေကာမူ မာန်ဝင့်ခြင်းကို ထိုသူအဖို့သာပြုစေ၍ မိမိဘက်ကမူ မောက်မာသော အသွင်အပြင်သို့မပေါ်စေဘဲ ဟန်လုပ်၍ မျိုသိပ်ချုပ်တီးထားစေဟု ဆိုလိုသည်။ မိမိအခြေအနေအတွင်းစိတ်ထား ကို အခါခပ်သိမ်း မပေါ်စေဘဲ မျိုသိပ်သည်းခံတတ်စေရန် နည်းပရိယာယ်ပေးရာ၌ သုံးနှုန်း သည်။

Any suggestions? Please leave it here