သုံးလွန်းတင်မှ ကြိုး ဒေါင်ဒေါင်မြည်မှအိုး
ကြိုးမည်သည် သုံးလွန်းသုံးပင်လိန်ကျစ်ပါမှ ခိုင်ခံ၍ ကြိုးဟုခေါ်နိုင်သကဲ့သို့ အိုးမှာ လည်း မြေသားကျက်၍မာပြီး အကွဲအအက်လုံသဖြင့် တီးခတ်၍ဒေါင်ဒေါင်မြည်မှ အိုးဟု ခေါ်နိုင်သည်ဟု ဆိုလိုသည်။ အရာဝတ္ထုတိုင်းတွင် သတ်မှတ်ထားသော စံဟူ၍ရှိရာ စံအတိုင်းအတာအောက်လျှော့၍ အဆင့်မမီသည့်အခါတွင် စံနှုန်းပြည့်ခြင်းကို တန်ဖိုးထား သောအားဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။