သုံးစလောင်းကုန်မှ ပြောင်းဂျုံမှန်းသိ
အစားစားသောက်နေသူသည် မိမိစားနေသောအစာမှာ မည်သည့်အစာဟူ၍ သတိမပြုဘဲ သုံးစလောင်းစာ စားသောက်ကုန်ပြီးမှ မိမိစားနေသည်မှာ ပြောင်းဂျုံမှန်း သိရသည်ဟုဆိုလိုသည်။ အချိန်လွန်မှ အသိနောက်ကျသည့်အခါတွင် ရှုတ်ချ၍ သုံးနှုန်း သည်။