သုံးစားမှ ပါကျသည်

ကြွေပုဆစ်ပစ်ရာတွင် နောက်ဆုံး ပန်းတိုင်ကွက်သို့ရောက်ရန် သုံကွက်မျှလိုသည့် အခါကြွေသုံးပွင့်မပေါ်ဘဲ နှစ်ပွင့် (ပါ)ကျနေသော် နောက်တစ်ပွင့်အတွက် တစ်ဆင့်ပစ်ရ သည့်အခါ တစ်ပွင့်တည်းပေါ်ရန် ခက်ခဲ၍ အခွင့်စောင့်ရင်းနှင့်ပင် အခြားသူကဦး၍ သွားနိုင်စရာရှိသဖြင့် လိုရာမရ နီးကပ်လျက် အခက်တွေ့နေသည်ဟု ဆိုလိုသည်။ အောင်မြင်လု အောင်မြင်ဆဲတွင် အခွင့်လွဲ၍ အကြပ်အတည်းတွေ့နေရသည့်အခါ တွင်သုံးသည်။ (အချို့က အလွန်ကသီလင်တ ဒုက္ခရောက်နေသည့် အဓိပ္ပာယ်ဖြင့်  အသုံးမှားနေကြသည်။)

Any suggestions? Please leave it here