သံဃာအား ဘုရားမဆန်သာ

မြတ်စွာဘုရားသည် ၀ိနည်းတော်ကို ပညတ်ရာ၌ဖြစ်စေ၊ တရားဟောကြားတော်မူ ရာ၌ဖြစ်စေ၊ တပည့်သံဃာများ၏ လျှောက်ထားတောင်းပန်ချက်များကို မငြင်းဆန်ဘဲ လိုက်လျောခွင့်ပြုသည်ဟု ဆိုလိုသည်။ နောက်လိုက်အများ၏ ဆန္ဒကို ဦးစီးခေါင်းဆောင် ပြုသူက မငြင်းဆန်သင့်၊ မငြင်းဆန်သာဖြစ်သည့်အခါတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here