သူခိုး ဓားရိုးကမ်းသည်

သူခိုးနှင့် ချစ်ကြိုက်နေသော မိန်းမသည် သူခိုးကို လင်ကဖမ်းမိ၍ လုံးထွေးသတ် ပုတ်ရင်း ဓားတောင်းသည်တွင် လင်ဘက်သို့ ဓားအရိုးမပေးဘဲ သူခိုးက လင်အားသတ် နိုင်လေအောင် သူခိုးဘက်သို့ ဓားရိုးထားကာ လင်ကိုကမ်းပေးဟန်ပြုသည်ဟု ဆိုလို သည်။ ရန်သူအား အခွင့်သာအောင် ပက်ပင်းသည့်အခါတွင်ဖြစ်စေ၊ သူ့လူကိုယ့်ဘက် သားလုပ်၍ အချင်းချင်းအား အန္တရာယ်ပြုတတ်သည့်အခါတွင်ဖြစ်စေ၊ မကောင်းမှုပြုသူ အား မြှောက်ပင့်အားပေးသည့်အခါတွင်ဖြစ်စေ သုံးနှုန်းသည်။

Any suggestions? Please leave it here