သူခိုးက လူလူဟစ်သည်

လူကောင်းက သူခိုးကိုလိုက်၍ဖမ်းသောအခါ အခြားသူများအကူအညီရစေရန် `သူခိုး သူခိုး´ဟု အော်ဟစ်မြဲဖြစ်ရာတွင် သူခိုးကပင် ပြန်၍ လူကောင်းအား `လူ လူ´ဟူ၍ ဟစ်အော်သည်ဟု ဆိုလိုသည်။ ဖြစ်ရိုးဖြစ်စဉ်တွင် ဆန့်ကျင်၍ ပြောင်းပြန်ဖြစ် တတ်သည့် အခါတွင် သုံးနှုန်းသည်။

Any suggestions? Please leave it here