သားနှောင်း ကျွန်ရာ (ကောက်နှောင်း ဆင်စာ)
သားသမီးအများအပြားအနက် အငယ်ဆုံးသော သားသမီးမှာ သားသမီးကြီး များကဲ့သို့ အခါအခွင့်ကောင်း မမီသည်တစ်ကြောင်း မိဘပြုစုပျိုးထောင်မှုကို နှစ်ကြာ ရှည်မခံစားရသည်တစ်ကြောင်း၊ သားသမီးကြီးများ ခွဲဝေယူကြပြီးမှ နှောင်းကျန်သော အမွေစုကိုရသည်တစ်ကြောင်း၊ အထက်သားခြင်းတို့က ငယ်ရွယ်သူဟူ၍ တစ်ယောက် တစ်မျိုး စေခိုင်းကြခြင်းကြောင့်တစ်ကြောင်း၊ သားဦးနှင့် များစွာကွာခြား၍ ကျွန်ကဲ့သို့ အခြေအနေဆိုး ကြုံရတတ်သည်ဟု ဆိုလိုသည်။ နှောင်းသူ၏ အခွင့်အလမ်းနည်းပါးပုံ ကိုတင်စား၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။

မှန်လိုက်တာဗျာ
ကျွန်တော်ကိုဟိုလူကဆူ ဒီလူကဆူ
Mg Mg Zar,
Are you youngest son at your family?I see some of the youngest sons get most opportunities in their lifes.
With best wishes,
BaBaChit