သားကိုယိုး၍ ထမင်းနဲတစ်အိုးကုန်သည်

သားသည်မိခင်သည် သားငယ်ကစားလိုသည်ဟု ဆိုလိုသဖြင့် ပူဆာသည်ဟု ယိုးမယ်ဖွဲ့ကာ ထမင်းနဲတောင်းယူ၍ မိမိစားပစ်ပြီး သားငယ်ကို အကြောင်းပြကာ ထပ်ကာထပ်ကာ တောင်း၍ မိမိသာစားပြန်သဖြင့် နောက်ဆုံး သား၏၀မ်းဗိုက်နှင့်မမျှ သော ထမင်းနဲတစ်အိုးလုံးပင် ကုန်သွားရသည်ဟုဆိုလိုသည်။ အခြားသူကို အကြောင်း ပြကာ မိမိအတွက် အကျိုးအခွင့်ယူလွန်းခြင်းကို ရှုတ်ချသောအားဖြင့်သုံးသည်။

Any suggestions? Please leave it here