သဒ္ဒါလွန်သော်ရာဂ (သဒ္ဒါလွန်တဏှာကျွံ)
ကြည်ညိုယုံကြည်သော စေတနာ ပိုလွန်သည်ထက်ပိုလွန်၍ တပ်မက်တွယ်တာမိ ကာ ရာဂတဏှာစိတ်ဖြင့် ချစ်ခင်သောအဖြစ်သို့ ရောက်စေတတ်သည်ဟု ဆိုလိုသည်။ သဒ္ဒါတရားကို အတိုင်းအဆ ထက်ပိုလွန်၍ မထားရန် သတိပေးသည့်အနေဖြင့် သုံးနှုန်း သည်။