သစ်မရှိခင်စပ်ကြား ၀ါးပေါင်းကွပ်သည်

ကောင်းမွန် ခိုင်ခန့်သော သစ်မရရှိသေးမီတွင် ကြမ်းများ ပရမ်းပတာမဖြစ်ရန် ယာယီအားဖြင့် ၀ါးဖြင့် ပေါင်းကွပ်ထားသည်ဟုဆိုလိုသည်။ တစ်စုံတစ်ရာကို အပြီးအစီး  မဆောင်ရွက်နိုင်သေးကာမျှဖြစ်သလို ပစ်ပယ်၍ မထားဘဲ ဖြစ်သည့်နည်းနှင့် အကျိုးရှိ အောင် တတ်နိုင်သမျှ ဆောင်ရွက်ထားသင့်ကြောင်းကိုလည်းကောင်း၊ ယာယီအခိုက် အတန့် မျှသာ အသုံးပြုခြင်းဖြစ်၍ နောင်တွင် ပစ်ပယ်တတ်သည့်သဘောကို ဖော်ပြရာ၌ လည်းကောင်း သုံးနှုန်းသည်။

Any suggestions? Please leave it here