သခွပ်ပင်က မီးတကျီလုပ်သည်
သိကြားမင်းဟောင်းသည် အကုသိုလ်ကြောင့် ပင်လယ်ကသစ်ပင်ပေါက်သည့် တာဝတိံသာနတ်ပြည်မှ သခွပ်ပင်ပေါက်ရာ အသူရာပြည်သို့ကျသွား၏။ သခွပ်ပွင့်လေ ဆိုင်း အသူရာပြည်သို့ ရောက်နေကြောင်း သတိရပြီး သိကြားမင်းအသစ်ကို တက်၍ စစ်ပြိုင်ကာ မနိုင်ဘဲနှင့် ရန်မီးတကျီကျီလုပ်နေသည်ဟု ဆိုလိုသည်။ မစွမ်းဘဲနှင့် တစ် ထောင့်မှ ရန်စွာနေခြင်း၊ အရေးမပါဘဲ အရေးတစ်ခုပြုလုပ် နှောင့်ယှက်နေခြင်း စသည် တို့တွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။