လျှောမွေးတစ်ကောင်နှင့် ဗာရာဏသီချဲ့သည်
သားပျက်သောမိန်းမသည် မအောင်မမြင်မွေးသော လျှောမွေးရင်သွေးငယ် အတွက် ပူဆွေးသောကရောက်၍ ငိုယိုရာတွင်ရိုးရိုးမငိုဘဲ ဗာရာဏသီပြည့်ရှင်မင်းကြီး ကအစ စကားချဲ့ကာ ဖွဲ့နွဲ့တိုင်တည် ငိုကြွေးနေသည်ဟု ဆိုလိုသည်။ အသေးအဖွဲ့ ကိစ္စကို လိုသည်ထက်ပိုလွန်ကာ အကြီးအကျယ်ချဲ့တတ်ခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။