လှော်ကားဝန်တင်သည်
ပေါ့ပါးလျင်မြန်စွာ သွားလာရန်အတွက် အကောင်းအမွန် အသုံးပြုသော လှော်ကားလှေမျိုးကို ထိုက်တန်စွာ အသုံးမချဘဲ အလေးအပင် ၀န်စည်သယ်ပို့ရန် အတွက် အသုံးပြုသည်ဟုဆိုလိုသည်။ မူလပစ္စည်း၏ ဂုဏ်ဒြပ်အချင်းအင်္ဂါနှင့် လိုက် ဖက်အောင် အသုံးမပြုတတ်ဘဲ အလွဲလွဲစေစားအသုံးချသည့်အခါမျိုးတွင် ရှုတ်ချသည့် အနေနှင့်သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။