လေဖမ်းဝါးလုံးတန်းချည်သည်
ဝါးလုံးတန်းကို ချည်နှောင်နှောင်ရာတွင် အခိုင်အမာစွဲကပ်ရန် တိုင်၊ ၀ါး၊ သစ်ပင်၊ တန်းစသည့်အမှီအတွယ် လိုအပ်ပေရာ ထိုသို့အခိုင်အမာ မှီရာမရှိဘဲ လေထဲတွင်ဖမ်း၍ ၀ါးလုံးတန်းချည်သည်ဟု ဆိုလိုသည်။ မဖြစ်နိုင်သောအရာကို ပြုလုပ်ရာတွင်လည်း ကောင်း၊ အခိုင်အမာ မဟုတ်သောစကားကို အခြေပြု၍ ကြံစည်လုပ်ကိုင်ရာတွင်လည်း ကောင်း ရှုတ်ချသောအနေဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ခုလူတော်တော်များများသုံးနေကြတာရှိပါတယ် “လေဖမ်းဒန်းစီး “ဆိုတဲ.စကားပုံ။
အဲဒါ “လေဖမ်းဝါးလုံးတန်းချည်သည်” ဆိုတဲ.စကားပုံနဲ.အတူတူလားဆိုတာ ကျေးဇူးပြုပြီးသိကြရင်ပြောပြပေးဆိုလိုပါတယ်။ဒါမှမဟုတ် “လေဖမ်းဝါးလုံးတန်းချည်သည်” ဆိုတာကို “လေဖမ်းဒန်းစီး” ဆိုပြီး မှားပြီးသုံးကြသလားလို.ပါ။
ခုလူတော်တော်များများသုံးနေကြတာရှိပါတယ် “လေဖမ်းဒန်းစီး “ဆိုတဲ.စကားပုံ။
အဲဒါ “လေဖမ်းဝါးလုံးတန်းချည်သည်” ဆိုတဲ.စကားပုံနဲ.အတူတူလားဆိုတာ ကျေးဇူးပြုပြီးသိကြရင်ပြောပြပေးပါခင်ဗျာ။ဒါမှမဟုတ် “လေဖမ်းဝါးလုံးတန်းချည်သည်” ဆိုတာကို “လေဖမ်းဒန်းစီး” ဆိုပြီး မှားပြီးသုံးကြသလားလို.ပါ။