လွတ်တဲ့ငါး ကြီးသည်

တံငါသည်တစ်ယောက်သည် ငါးဖမ်းရာတွင် ငါးအချို့မိ၍ ငါးအချို့လွတ်သွား သည်တွင် သူမိသောငါးများ မည်မျှကြီးကြောင်းကြွားဝါရုံသာမက အထောက်အထားပြ စရာမလိုသော လွတ်သွားသည့် ငါးများသည် အဆပေါင်းများစွာ ကြီးသေးကြောင်းကြွား ၀ါသည်ဟုဆိုလိုသည်။ မျက်မြင်ထင်ရှား တင်ပြခြင်းမပြုသာသော ကိစ္စမျိုးတွင် ပိုလွန် ချဲ့ကား၍ ပြောရာတွင်လည်းကောင်း မပိုင်ဆိုင်နိုင်သောအရာကို ပိုလွန်အထင်ကြီး၍ ပြောဆိုရာတွင်လည်းကောင်း တင်စား၍ သုံးနှုန်းသည်။

1 Comment

  1. Po Shan says:

    လွတ်သွားငါးကို မိမိ ဖမ်းမိ/ ရရှိသော ငါးထက် ပိုကြီးသည် ဟု အထင်ရောက်လျက် မိမိ လက်လွတ်သွားသော အရာကိုမှ လိုချင်စိတ်ဖြင့် တသသ ဖြစ်နေပြီး လက်ရှိ အခြေနေတွင် မပျော်ပိုက်နိုင်ပဲ ဖြစ်နေသော အခါတွင်လည်း သုံးနှုန်းသည်ဟု ယူဆပါသည်။

Any suggestions? Please leave it here