လိပ်ကျောကြောင်ကော်၊ ပြောင်ချော်ချော်

လိပ်၏ကျောကုန်းသည် မာကျောချောပြောင်၍နေရာ ကြောင်သည်လက်သည်း များဖြင့် ခြစ်ကော်သော်လည်း ပြောင်ချောနေ၍ ကော်မရနိုင်ဟုဆိုလိုသည်။ ပြောင်ချော် သော မျက်နှာထားရှိသူအား ရှုတ်ချ၍လည်းကောင်း၊ မည်သို့မျှ ထိပါး၍မရဘဲ မူလ အတိုင်းမထိမခိုက် အန်တုမရရှိသောအခါတွင် ခိုင်ခန့်မာကျော၊ ခေါင်းမာမှုကို ဖော်ထုတ်၍လည်းကောင်း သုံးနှုန်းသည်။

Any suggestions? Please leave it here