လယ်ထွန်သွား နွားမေ့

လယ်ထွန်သည့်အခါတွင် ထွန်တုံးထွန်တံနှင့် နွားပါရသည်ဖြစ်ရာ လယ်သမား တစ်ယောက်သည် လယ်ထွန်ရန် လယ်ထဲသို့သွားသောအခါ ထွန်တုံးထွန်သံကိုသာ ထမ်းပိုးယူလာခဲ့၍ နွားကိုမေ့ချန်ထားခဲ့သည်ဟု ဆိုလိုသည်။ မေ့လျော့တတ်သူသည် မမေ့မလျော့သင့်သော အဓိကသတိထားရမည်ကိုပင် မေ့လျော့လွန်းသည့်အခါတွင် အပြစ်တင်သည့်အနေဖြင့် သုံးနှုန်းသည်။

Any suggestions? Please leave it here