လည်ဖန်များတဲ့လှည်းဘီး ချေးသင့်

လှည်းဘီးများမှာ လှည်းသွားတိုင်း လည်ပတ်နေရသည်ဖြစ်ရာ ထိုသို့လည်ပတ် နေစဉ်ပင် တစ်ကြိမ်ကြိမ်၌ ချေးပုံပေါ်သို့တက်၍ နင်းမိသည့်အခါလည်း ရှိတတ်သည်ဟု ဆိုလိုသည်။ လည်ပတ်ပါးနပ်ခြင်းဖြင့် ၀င့်ကြွားလေ့ရှိသောသူသည် ထိုသို့လည်ပတ်ရာ မှပင် တစ်ကြိမ်ကြိမ်၌ သူတစ်ပါးက လှည့်စားခြင်းစသည့်ဘေးအန္တရာယ်အနှောင့် အယှက်မျိုး ခံစားဖွယ်ရာရှိသည်ဟု ကြိုတင်သတိပေးသောအားဖြင့် သုံးနှုန်းသည်။

1 Comment

  1. Harry says:

    လည်လွန်းတဲ့ဘီး ချေးသင့် လို့ မူကွဲရှိပါတယ်။

Any suggestions? Please leave it here