လင်နှင့်မယား လျှာနှင့်သွား

လျှာသည်အစာကို လူးလိန်းရာတွင် သွားစေ့သည်နှင့်လွတ်အောင် အလိုက်သင့် ဖယ်နေကျဖြစ်သော်လည်း တစ်ခါတစ်ခါတွင် သွားနှင့်မလွတ်ဘဲ လျှာအကြိတ်ခံရတတ် သကဲ့သို့ လင်နှင့်မယားသည် စိတ်ချင်းတူညီအောင် ကြိုးစားလေ့ကျင်မှု ရှိကြသော် လည်း တစ်ခါတစ်ရံတွင် ကတောက်ကဆ ဖြစ်တတ်သည်ဟု ဆိုလိုရင်းဖြစ်သည်။ လင်နှင့်မယားသည် အမြဲသင့်တင့်နေသည်မဟုတ်ဘဲ တစ်ခါတစ်ရံတွင် ခိုက်ရန်ဖြစ်ပွား တတ်သည်ဟု ဆိုလိုသည်။

Any suggestions? Please leave it here