လင်းတလောက်တော့ ငှက်တိုင်းလှသည်
လင်းတသည် ငှက်အမျိုးမျိုးအနက်တွင် အရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် အခြား ငှက်များသည် အရုပ်ဆိုးသည်ဟု ဆိုရစေကာမူ လင်းတနှင့် နှိုင်းစာလျှင် လှသေးသည် သာဖြစ်ပေရာ မည်သည့်ငှက်မဆို လင်းတလှသည်ထက် မည်သည့်နည်းနှင့်မျှ လျော့စရာမရှိ။ ယုတ်စွအဆုံး လင်းတလောက်လှသည်ချည်းသာဖြစ်သည်ဟု ဆိုလို သည်။ အရည်အချင်းတစ်ခုခုသည် အများလိုက်၍မီနိုင်သော မှန်တန်း၊ အနိမ့်ဆုံးအဆင့် ၌ရှိသည့်အခါမျိုးတွင် အများထက်ပို၍ အထင်ကြီး၊ စိတ်ကူးမမြင့်စေရန် ရည်ညွှန်း၍သုံး နှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
စံကေးလောက်တော့ အားလုံးလန်းသည်…