လက်ဖက်ကောင်းစားချင် ပလောင်တောင်တက်နှေးစေ

လက်ဖက်ရွက်များ ခူးရာတွင် ရရာအညွှန်များကို ခူးဖြတ်သည်ထက် ဖြည်းဖြည်း ဆေးဆေး အရွက်နု၊ အညွန့်ကောင်းများကို ဖြည်းဖြည်းရွေးချယ်ဆွတ်ခူးခြင်းဖြင့် လက်ဖက်ကောင်းစားနိုင်ခွင့်ရသည်ဟုဆိုလိုသည်။ (အချို့လည်း ရွှေဖီမိုးလွတ် ရွက်ဦး ဖျားဆွတ်ပြီးနောက် ရွက်သစ်ပြန်၍စီသော နှောင်းအညွန့်အရွက်တို့က ပို၍ကောင်း သဖြင့် နောက်ချန်၍ တောင်တက်ဆွတ်ခူးရမည်ဟုလည်း ဆိုကြသည်။) ကောင်းမွန် သပ်ရပ်သေချာသောအကျိုးကို လိုလားပါက အလျင်စလိုမပြုလုပ်ဘဲ ဖြည်းဖြည်းဆေး ဆေးချိန်ချိန်ဆဆ ပြုလုပ်ရမည်ဟု ရည်ညွှန်းသုံးနှုန်းသည်။

Any suggestions? Please leave it here