ရေမရှိတဲ့အရပ် ချေးကိုင်မိသည်
ရေရှား၍ မရနိုင်သောနေရာ၌ မစင်အညစ်အကြေးကို ကိုင်တွယ်မိသူသည် ဆေးလည်းဆေးကြောချင်၊ ဆေးလည်းမဆေးနိုင်နှင့် နှစ်ဖက် အခက်အခဲကြားတွင် အကြပ်အတည်း တွေ့ရသည်ဟု ဆိုလိုသည်။ ဖြေရှင်းရန်ခက်ခဲသော အမှားအယွင်း အပြစ်အနာကို ပြုလုပ်မိခြင်း၊ မတတ်နိုင်သည့်အခါတွင်မှ အကြောင်းပေါ်ခြင်းစသော အခါမျိုးတွင် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
