ရွာကိုလွန်၍ ရွက်တိုက်သည်
လှေကို ရွတ်တိုက်၍ ရွာသို့ပြန်လာသောအခါ ရွာဆီသို့တည့်တည့်ရောက်အောင် မှန်းဆ၍ လာမည်ဖြစ်သော်လည်း ရေစုန်ရေဆန်အားလျော်စွာ ရွာကိုလွန်သွားသည်ဟု ဆိုလိုသည်။ (ရေဆန်အခါ၌ ရွာကိုလွန်၍ တိုက်ရသည်လည်းရှိ၏။) ဦးတည်သင့်ရာကို ဦးမတည်ဘဲ လွန်ဆန်ကျော်လွှား၍ ဆက်ဆံပြုလုပ်သောအခါမျိုးတွင် အပြစ်တင်သော သဘောဖြင့် သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။