ရာသီမပိုင် ဆေးမကိုင်နှင့်
ဆေးဆရာဟူသည်မှာ ရာသီဥတုအခြေအနေအရ ဆေးဝါးတို့၏ အာနိသင် ပြောင်းလဲမှု၊ လူနာ၏အခြေအနေပြောင်းလဲမှုတို့ကို တတ်သိကျွမ်းကျင်ရန် လိုအပ် သဖြင့် ရာသီဥတုသဘောကို ပိုင်နိုင်စွာ မတတ်သိဘဲ ဆေးကုသမှုအလုပ်ကို မလုပ်ကိုင် နိုင်ဟု ဆိုလိုသည်။ ဆေးဆရာတို့အတွက် ရည်ညွှန်း၍သုံးသည်။ မကျွမ်းကျင်သော အလုပ်ကို မလုပ်ရန် ညွှန်ကြားသည့်သဘောသို့လည်း ရောက်သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
နီးစပ်တဲ့စကားပုံ အနေနဲ့ “ဓာတ်မပိုင် ဆေးမကိုင်နဲ့” ဆိုတာရှိကြောင်း ကြားဖူးပါတယ်။ ရာသီ နဲ့ ဓာတ်သဘော ပဲ စကားလုံးအားဖြင့် ကွာတာပါ။ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။