ယောက္ခမသေမှန်းသိ၊ မြင်းဝယ်မစီးရလား
ယောက္ခမဖြစ်သူက သမတ်အား ငွေအပိုအလျှံ ဖြုန်းတီးမှုမျိုးကို ပိတ်ပင်ဆုံးမ သဖြင့် သမက်သည် မြင်းစီးချင်လျက်နှင့် မြင်းဝယ်မစီးဝံ့ဘဲ အခြားပစ္စည်းများကိုသာ ၀ယ်ယူရင်းနှီးသုံးစွဲရလေရာ ရုတ်တရက် ယောက္ခမသေဆုံးသွားသော် ပိတ်ပင်မည့်သူ မရှိဖြစ်လေ၍ မြင်းဝယ်စီးလိုက်လိုသော်လည်း ငွေပိုမရှိတော့၍ နောက်ကျနေသဖြင့် ယောက္ခမသေမည်ကို စောစောကြိုတင် မသိရကောင်းလားဟု မြည်တမ်းပုံကို ဆို သည်။ တစ်စုံတစ်ခုကို ကြိုတင်မသိရှိသဖြင့် အခွင့်အလမ်းကို လက်လွတ်ရသောအခါ မျိုးတွင် သုံးနှုန်းသည်။
(အချို့ကလည်း ယောက္ခမမမာ၍ သမက်ကိုစေလွှတ်ခေါ်ရာ သမက်အလာ၌ လမ်းတွင် မြင်းရောင်းသူ တွေ့သော်လည်း ယောက္ခမကိုဆေးကုရန် ငွေအသုံးလို၍ မြင်းကိုမ၀ယ်ဘဲနေခဲ့ပြီး ယောက္ခမထံရောက်သော် သေဆုံးနေသည်ကိုသာ တွေ့ရ တော့၍ သမက်ကလည်းညည်းတွားပြောဆိုသည်ဟု မှတ်ယူကြသေးသည်။ ဒဏ္ဍာရီ ဖြစ်၍ အမျိုးမျိုးယူနိုင်၏။)
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။