ယောက်ျားဖောင်စီး၊ မိန်းမမီးနေ၊ ဘေးနီးချေ
သစ်ဖောင်စီးသောသူသည် သစ်လုံးကွဲပြတ်ခြင်း၊ ညပ်ခြင်းရေစီးကြမ်းရာ၌ ဦးစိုက်ကျခြင်း စသည်ဖြင့်အန္တရာယ်များ၍ သေဘေးနီးကပ်လှသကဲ့သို့ မီးနေသော မိန်းမသည်လည်း သွေးတက်ခြင်း၊ သွေးသွန်ခြင်း၊ သွေးအားနည်းခြင်းစသည့် အန္တရာယ် များဖြင့် သေဘေးနီးကပ်လာသည်ဟု ဆိုလိုသည်။ အသက်ဘေးနှင့် နီးကပ်စွာ စွန့်စားလုပ်ကိုင်ရခြင်းမျိုးကို ရည်၍သုံးသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။